ဒီဂီယာ မန်ယူမှာ ဆက်နေမယ်လို့ တန်ဟက် မျှော်လင့်

ဝက်ဟမ်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဂိုးသမား ဒီဂီယာက အသင်းအတွက် လက်စွမ်းပြ ကာကွယ်ခဲ့တာတွေကို မြင်တွေ့ခဲ့ပြီးနောက်မှာ ကြီးကျယ်တဲ့ စပိန်ဂိုးသမား မန်ယူအသင်းမှာ ဒီရာသီအလွန်အထိ ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း နည်းပြ အဲရစ်တန်ဟက် က ပြောပါတယ်။

ဒီဂီယာ လက်စွမ်းပြမှုနဲ့အတူ မန်ယူက ပြိုင်ပွဲစုံ ရှစ်ပွဲအထိ ဆက်တိုက် အနိုင်ရရှိထားကာ ပရီးမီးယားလိဂ်မှာလည်း နံပါတ် ၅ နေရာကို ရယူထားပါတယ်။

ဒါပေမယ့်လည်း ရာသီကုန်မှာ သက်တမ်းကုန်မယ့် ဒီဂီယာ ကို မန်ယူက ဆက်ပြီး သက်တမ်းတိုးဖို့ မသေချာဘူးလို့ ဗြိတိန်က မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပါတယ်။

“ အခုတော့ ပွဲတွေကို အာရုံစိုက်နေပါတယ်။ ကျွန်တော် အရင်တုန်းကလည်း အကြိမ်များစွာ အလေးအနက် ပြောခဲ့ပါတယ်။ ဒီဂီယာ ကို အရမ်းကြိုက်တယ်။ သူက ကြီးကျယ်တဲ့ ဂိုးသမားတစ်ယောက်ပါ။ သူက ၃၁ နှစ်ပဲ ရှိပါသေးတယ် ကြံ့ခိုင်မှု ရှိတယ်။ ဒီထက်တောင် ပိုပြီးတိုးတက်နိုင်ပါသေးတယ် မန်ယူအတွက် အထင်ကြီးလောက်အောင် စွမ်းဆောင်ခဲ့ပြီး အနာဂတ်မှာလည်း လက်စွမ်းပြဦးမယ်လို့ ထင်ပါတယ်”လို့ တန်ဟက် က ပြောပါတယ်။

-Ref:Reuters