MFF Futsal Championship 2022 ပြိုင်ပွဲအား အသင်းပေါင်း ၁၈ ဖြင့်ကျင်းပသွားမည်

MFF Futsal Championship 2022 ပြိုင်ပွဲအား အသင်းပေါင်း ၁၈ သင်းဖြင့် အုပ်စုအဆင့်ပွဲစဥ်များအား နိုဝင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက သုဝဏ္ဏကွင်း၌ ပြုလုပ်ခဲ့သည်။

အုပ်စု(က)တွင် Myoma JY FC, Futsal Chit Thu FC,  Dream Team Legends FC, Pyae Sone FC, Taw Win Nan FC ၊ အုပ်စု(ခ)တွင် MIU FC, Winner Soccer FC, Future of Dagon FC, Lin Latt FC တို့ယှဥ်ပြိုင်ရမည်ဖြစ်သည်။

အုပ်စု(ဂ)တွင် MFF U-18 Team, AKS FC, TG United FC, UPK FC, Generations FC ၊ အုပ်စု (ဃ)တွင် VUC FC, Dream Team FC, Mali Kyal Sin FC, M2K FC တို့ယှဥ်ပြိုင်ရမည်ဖြစ်သည်။

MFF Futsal Championship 2022 ပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ်များအား  Imperium Sport Arena တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။