လျှပ်စစ်ကားများ စျေးကွက်အတွင်း တင်သွင်းဖြန့်ချိရောင်းချရန် ပြင်ဆင်နေသည်ဟု ဒေါင်ဖန်းမြန်မာထုတ်ပြန်

လျှပ်စစ်ကားများ စျေးကွက်အတွင်း တင်သွင်းဖြန့်ချိရောင်းချရန် ပြင်ဆင်နေသည်ဟု ဒေါင်ဖန်းမြန်မာက ထုတ်ပြန်သည်။ ဒီဇိုင်းပိုင်း၊ အရည်အသွေးနှင့် အဆင့်မြင့် နည်းပညာများဖြင့် ဆန်းသစ်ထုတ်လုပ်ထားသော လျှပ်စစ် ကားများကို မကြာခင်မှာ စျေးကွက်အတွင်း တင်သွင်းဖြန့်ချိရောင်းချပေးရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေါင်ဖန်းမြန်မာက ထုတ်ပြန်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း တရုတ်လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်သည့် HOZON Auto က မြန်မာ့ကား စျေးကွက်အတွင်း ဝင်ရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အောက်တိုဘာ ၁၀ ရက်တွင်  HOZON Auto  ကုမ္ပဏီအနေဖြင့်  Grand Sirius Limited ကုမ္ပဏီနှင့် မြန်မာ့ကားစျေးကွက်အတွင်း ဝင်ရောက်နိုင်ရေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု တရုတ်အခြေစိုက် မော်တော်ယာဉ် မီဒီယာတစ်ခုဖြစ်သည့် Gasgoo တွင် ဖော်ပြထားသည်။ သဘောတူစာချုပ်အရ  HOZON Auto အနေဖြင့် ၎င်း၏ အမှတ်တံဆိပ်များဖြစ်သည့် Neta U နှင့် Neta V များကို နိုင်ငံတကာထုတ်နှင့်အညီ လျှပ်စစ်ကားဝန်ဆောင်မှုများကို ပြည်တွင်းမော်တော်ယာဉ် စျေးကွက်ထဲ မိတ်ဆက်ပေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် လာမည့်နှစ်များ တွင် လျှပ်စစ်စွမ်းအင်အသုံးပြု မော်တော်ယာဉ်စျေးကွက် ဖွံ့ဖြိုးစေရန် မက်လုံးပေးသည့် မူဝါဒများကို ထုတ်ပြန်ခဲ့သည်ဟု  HOZON Auto က ပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။  Elevennews