ပဲရစ်မာစတာပြိုင်ပွဲတွင် နာဒယ်ပြန်ကစားနိုင်မည်

စပိန်တင်းနစ်သမား ရာဖေးနာဒယ်ဟာ လာမယ့်တစ်ပတ်ထဲမှာကျင်းပမယ့် ပဲရစ်မာစတာပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ နည်းပြဖြစ်သူ ကားလို့စ်မိုရာက အတည်ပြုခဲ့ပါတယ်။ နာဒယ်ဟာ အခုနှစ်အတွင်း ဒဏ်ရာတွေနဲ့ နပမ်းလုံးနေခဲ့ရပြီး ပြိုင်ပွဲတချို့မှာဆိုရင် နာကျင်မှုကိုသက်သာစေတဲ့ ထိုးဆေးတွေထိုးပြီး ပြိုင်ပွဲ ဝင်ခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလမှာ ကစားခဲ့တဲ့ ယူအက်စ်အိုးပင်းမှာ တီယာဖိုကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေ ကင်းရှင်းဖို့အတွက် ကြိုးစားရမယ်လို့ နာဒယ်က ပြောခဲ့ဖူးပါတယ်။ နာဒယ်ဟာ ပြီးခဲ့တဲ့လက ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒရာနဲ လေဗာဖလား ၂ ယောက်တွဲပြိုင်ပွဲကစားပြီးနောက်ပိုင်း အနားယူနေ ခဲ့တာပါ။ နာဒယ်အနေနဲ့ ရာသီပိတ် အေတီပီဖိုင်နယ် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ပဲရစ်မာစတာ ပြိုင်ပွဲကို ဝင်ပြိုင်မှာဖြစ်တယ်လို့ နည်းပြဖြစ်သူ မိုရာက အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။