၃ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၅၀၀ ဦးခန့်အား စေလွှတ်ပေးနိုင်ခဲ့
တောင်ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံပေးလျက်ရှိရာ ၃ ရက်အတွင်း မြန်မာအလုပ်သမား ၄၇၆ ဦးအား EPS စနစ်ဖြင့် စေလွှတ်ပေးနိုင်ခဲ့သည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။ ထိုသို့ စေလွှတ်ရာတွင် အောက်တိုဘာ ၂၅ ရက်က ၁၄၈ ဦး၊ အောက်တိုဘာ ၂၀ ရက်က ၁၇၈ ဦးနှင့် အောက်တိုဘာ ၁၈ ရက်က ၁၅၀ ဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများတွင် ကုန်ထုတ် လုပ်သားသစ်အဖြစ် ဝင်ရောက်လုပ်ကိုင်မည့်သူ ၄၃၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ်အဖြစ်ဝင်ရောက်လုပ်ကိုင်မည့်သူ ၂၄ ဦးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်သားသစ် အဖြစ် ဝင်ရောက်လုပ် ကိုင်မည့်သူ ၁၉ ဦး(စုစုပေါင်း ၄၇၆ ဦး)တို့ဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများသည် ရန်ကုန်လေဆိပ်မှတဆင့် အင်ချွန်းလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်။