ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မန္တလေးအခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ပါတီအချို့ တွေ့ဆုံ

မန္တလေး၊ အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးဝင်းမောင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီအချို့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၁၆:၀၀ နာရီအချိန်တွင် တိုင်းဒေသကြီးပါတီရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်သည့် အစီအမံများ၊ PR စနစ်နှင့် ပတ်သက်သည့်အချက်များ၊ ပါတီအချင်းချင်း အကူအညီပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ညနေ ၁၇:၀၀ နာရီအချိန်တွင် တွေ့ဆုံမှုကို ရုတ်သိမ်းခဲ့ပါသည်။