အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအတွက် ရုရှားလျှပ်စစ်ကုမ္ပဏီတစ်ခုနှင့် သဘောတူစာချုပ် ချုပ်ဆို

အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက် အကောင်အထည်ဖော်ရေးအတွက် ရုရှားလျှပ်စစ်ကုမ္ပဏီ တစ်ခုနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပလျက် ရှိသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ခဲ့သည့် လျှပ် စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံ၏ အဓိက လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော  Inter RAO – Export ၏ General Director, Mr. Alexey Yakovlev အဖွဲ့အား တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံချစ် ကြည်ရေးကိစ္စရပ်အနေဖြင့် အလယ်ပေါင်း လောင်း ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်အကောင်အထည်ဖော်ရေးအစီအစဉ်အတွက် PTG Energy ကုမ္ပဏီနှင့် လုပ်ငန်းစတင် ဆောင်ရွက်နိုင်ရေးအတွက် Notice to Proc eed(NTP) အား လက်မှတ်ရေးထိုးခဲ့ကြကာ စီမံကိန်း အမြန်အကောင်အထည်ဖော်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလယ်ပေါင်းလောင်းစီမံကိန်း မှာ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂ဝခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင်  RCC ကွန်ကရစ် ရေလှောင်တမံတည်ဆောက်ပြီး ကီလိုဝပ်နာရီ ၅၃၀ ဒသမ ၄ သန်း ထုတ်လုပ်မည့် စီမံကိန်းဖြစ်သည်။

အလယ်ပေါင်းလောင်းစီမံကိန်းမှာ နိုင်ငံ ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေသည့် ရေအားလျှပ်စစ်စီမံကိန်း ငါးခုအနက် တစ်ခုဖြစ်ပြီး ၂၀၂၆-၂၀၂၇ ခုနှစ် မှာ ဓာတ်အားစတင်ထုတ်လုပ်နိုင်ဖို့ ရည်မှန်း ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင် အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှု အနေဖြင့် ရေအားလျှပ် စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာ စွမ်းအင်မှမဂ္ဂါဝပ် ၄၀၊  LNG မဂ္ဂါဝပ် ၉၀၀ နှင့်ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

ရာခိုင်နှုန်းအားဖြင့် ရေအားမှစုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊သဘာဝ ဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ LNG မှ ၁၃ ရာခိုင် နှုန်း၊ဆိုလာမှ တစ်ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှနှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။

ရာခိုင်နှုန်းအားဖြင့် ရေအားမှ ၆၃ ရာခိုင်နှုန်း ၊သဘာဝဓာတ်ငွေ့မှ ၃၅ ရာခိုင်နှုန်း နှင့် ကျောက်မီးသွေးမှ နှစ်ရာခိုင်နှုန်းထုတ်လုပ်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုး အစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်း ပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ် နာရီ သန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလို ဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။ Eleven