ညောင်လေးပင်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ လူငယ် အမျိုးသမီးတာဝန်ခံများနှင့် တိုင်းဒေသကြီး ပါတီနယ်မြေတာဝန်ခံတွေ့ဆုံဆွေးနွေး

ညောင်လေးပင်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ် အမျိုးသမီးမြို့နယ်တာဝန်ခံများနှင့် တိုင်းဒေသကြီးပါတီနယ်မြေတာဝန်ခံ တွေ့ဆုံဆွေးနွေးပွဲအား အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည် ။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ၏ လူငယ်/အမျိုးသမီးတာဝန်ခံများက ပါတီ၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဥ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းရဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးပါတီနယ်မြေတာဝန်ခံ ဒေါတ်တာသန့်ဇော်လွင် မှ ပါတီဥက္ကဋ္ဌကြီး၏ လမ်းညွှန်မှုအရ သုံးလတစ်ကြိမ် စီမံချက်ချမှတ်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အောင်မြင်စွာဆောင်ရွက်ရေး၊ မြေပြင်ကွင်းဆင်းကြပ်မတ်ရေး စသည်တို့ကို ရှင်းလင်းချပြဆွေးနွေးခဲ့ပြီး ပြန်လည်တင်ပြချက်များအပေါ်ပေါင်းစပ်ညှိုနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည် ။