ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲများ မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပ

မန္တလေး-အောက်တိုဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲများကို မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပလျှက်ရှိရာ (၁၂.၁၀.၂၀၂၂)ရက် နံနက် (၁၀း၃၀)နာရီအချိန်တွင် ကျောက်ဆည်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမစတင်မီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင် ပြောကြားခဲ့သော ပါတီဥက္ကဌဦးခင်ရီ၏ အမှာစကား Video file နှင့် ညီလာခံကျင်းပမှုမှတ်တမ်းဓာတ်ပုံများကို တက်ရောက်လာသူများအားပြသခဲ့ပြီး နံနက်(၁၀:၃၀)နာရီ အချိန်တွင် အခမ်းအနားစတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့်အနေဖြင့် (၂)မိနစ် ငြိမ်သက်ခဲ့ပါသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်တို့မှ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)အတွေ့အကြုံများအား ရှင်းလင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်မှ လူငယ်ကဏ္ဍနှင့်အမျိုးသမီးကဏ္ဍလုပ်ငန်း စဉ်များအား ဆွေးနွေးခဲ့ကာ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီအဖွဲ့များမှ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး နေ့လည်(၁)နာရီအချိန်တွင် အခမ်းအနားကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးသိန်းထွန်းဦး၊ ဦးအောင်နိုင်ဦး၊ ဦးစန်းမြင့်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင် ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ်များမှပါတီကော်မတီဝင်များ (၁၀၀)ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။