Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၃၄၆) ဦး တွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၂ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၃၄၆ ယောက်ထပ်မံတွေ့ရှိတယ်လို့သိရပါတယ်။ အောက်တိုဘာ ၁၁ ရက် ည ၈ နာရီကနေ အောက်တိုဘာ ၁၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁,၃၅၀ ခုကို စစ်ဆေးခဲ့တာဖြစ်ပြီး ပိုးတွေ့ ရာခိုင်နှုန်း ၃.၀၅ ရာခိုင်နှုန်းရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ရောဂါကြောင့် ထပ်မံသေဆုံးသူ တစ်ယောက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေနဲ့ သေဆုံးသူတွေဟာ ကိုဗစ်ကာကွယ်ဆေးလုံးဝမထိုးထားတဲ့သူတွေဖြစ်တဲ့ အတွက် ကိုဗစ်ကာကွယ်ဆေးနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေကို မပျက်မကွက် ထိုးနှံကြဖို့နဲ့ ကိုဗစ်ကာကွယ် ရေးစည်းကမ်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။MOH