မြန်မာသင်္ဘောသားများ၏ လစာငွေများအား (၁)ဒေါ်လာ (၃၀၀၀)ကျပ်နှုန်းဖြင့် CB Bank လဲ လှယ်ပေးမည်

မြန်မာပင်လယ်ကူးသင်္ဘောသားများရရှိသည့် လွှဲပိုလစာငွေများအား (၁)ဒေါ်လာလျင် (၃၀၀၀) ကျပ်နှုန်းဖြင့် လဲလှယ်ပေးသွားမည်ဟု CB Bank ကအသိပေးခဲ့သည်။

မြန်မာပင်လယ်ကူးသင်္ဘောသားများ၏ လစာငွေများအား CB Bank သိုလွှဲပိုလာပါက လဲလှယ်ထုတ်ပေး သွားမည်ဖြစ်သည်ဟု အသိပေးကြေ ညာခဲ့သည်။

ထိုကြောင့် မြန်မာပင်လယ်ကူးသင်္ဘောသားများအနေဖြင့် CB Bank ရှိ မိမိတို့၏ သင်္ဘောသားလစာ အကောင့်များသို လွှဲပြောင်းပေးပိုခြင်းဖြင့် ကောင်းမွန်သည့် ငွေလဲလှယ်နှုန်းကို ရရှိခံစားနိုင်မည်ဟု CB Bank က အသိပေးကြေညာခဲ့သည်။

KBZ Bank မှလည်း ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ လွှဲပိုငွေများအား (၁)ဒေါ်လာလျင် (၃၀၀၀)ကျပ်နှုန်းဖြင့် လဲလှယ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကြော်ငြာခဲ့သည်။ ထိုသို့ လွှဲပိုလစာငွေပေးပိုရာတွင်လည်း ငွေလွှဲရည်ရွယ်ချက်တွင် လစာဟု ရွေးချယ်ကာ စာရင်းသွင်းထားပါက အသေးစိတ်အချက်အလက်ထဲ၌ SALARY (သို့)ကုဒ်နံပါတ် “5200” ဟုပေါ်နေမည် ဖြစ်ကာ ယင်းသိုပေါ်မှသာ (၁)ဒေါ်လာ (၃၀၀၀) ကျပ်နှုန်းဖြင့်ရရှိမည်ဟု သိရသည်။