မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးပါတီ အ.မ.က(၅)ကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်။ ။စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သိမ်ဖြူမီးရထားရပ်ကွပ်အ.မ.က(၅)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများ၏ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို စက်တင်ဘာ(၂၆) ရက်နေ့ ညနေ( ၃:၃၀)  နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါခြင်ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုများကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးတင်ရှိန် ဦးဆောင်၍ မြို့နယ်ကော်မတီဝင် ဦးဗိုလ်ဗိုလ်ခင်မောင်တင့်နှင့် အမာခံပါတီဝင်များဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေဖြင့်မြိုနယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။