ထိုင်းနိုင်ငံတွင် လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ ရွှေ့ပြောင်းလုပ်သားများကို လုပ်အားခတိုးမြှင့်ပေးမည်ဟုဆို

ထိုင်းနိုင်ငံအတွင်း အောက်တိုဘာ ၁ ရက် မှစ၍ ရွှေ့ပြောင်းလုပ်သားများကို လုပ်အားခ တိုးမြှင့်သတ်မှတ်မည် ဖြစ်ကြောင်း၊ လုပ်ခလ စာသတ်မှတ်ချက်တွင် မိခင်ထိုင်းနိုင်ငံသား အလုပ်သ မားနှင့် ရွှေ့ပြောင်းလုပ်သားအကြား ကွာဟမှုမှာ မဖြစ်သင့်ကြောင်း အလုပ်သမား အရေးကူညီပေးနေသူများက ပြောကြား သည်။

မဲဆောက်မြို့ရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JCBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “လုပ်အားခတိုးပေးတဲ့ အနိမ့်ဆုံး ၃၂၈ ဘတ်ကနေ  အများဆုံး ၃၅၄ ဘတ်အထိ  တိုးပေးတာဖြစ်ပါတယ်။ အခြားတစ်ဘက်မှာ မိခင်ထိုင်းနိုင်ငံသား အလုပ်သမားတွေကို ဘတ် ၄၅၀ ကနေ ၆၅၀ အထိတိုးမယ်။ အဲဒီ တော့ 4D လုပ်ငန်းတွေကို ရွှေ့ပြောင်းလုပ် သားတွေက ပင်ပင်ပန်းပန်းလုပ်ပေးနေတာ၊ ညစ်ညစ်ပတ်ပတ် လုပ်ပေးနေတာ၊ အန္တရာယ် ရှိရှိလုပ်ပေးနေတာ၊ တင်းကျပ်တဲ့ ဥပဒေကြား မှာ လုပ်ပေးနေတယ် မဟုတ်ဘူးလားဗျာ။ရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်းအလုပ်သမား တွေ ဘာများကွာလို့ အဲဒီလိုလုပ်အားခကို ခွဲ ခြားဆက်ဆံသတ်မှတ်ရတာလဲ။ ဒါက ထိုင်း အလုပ်သမားသမဂ္ဂ၊ ထိုင်းရှေ့နေ ရှေ့ရပ်တွေ၊ ထိုင်းလူ့အခွင့်ရေး သမားတွေနဲ့ တိတိကျကျ ပြောရတော့မယ်။ လိုအပ်ရင်ဆန္ဒပြသင့်ပြရ တော့မယ်” ဟု ပြောကြားသည်။

ထိုင်းနိုင်ငံသား အလုပ်သမားနှင့် ရွှေ့ပြောင်းလုပ်သားများမှာ ပင်ပန်းမှုချင်းတူညီ သည့်အတွက် တန်းတူအခွင့်အရေး ရသင့်သည် ဟု ဦးမိုးကြိုးက ဆက်လက်ပြောကြားသည်။

“ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားနဲ့စီးပွားဖွံ့ဖြိုးမှုကို နက်နက်ရှိုင်းရှိုင်း ထိထိရောက် ရောက် လုပ်အားနဲ့ပေးဆပ်နေတဲ့ ရွှေ့ပြောင်း လုပ်သားတွေကို ထိုင်းဘုရင်မင်းမြတ်တွေက လေးစားအသိအမှတ်ပြုထားတယ်။ ရွှေ့ပြောင်း လုပ်သားနဲ့ မိခင်နိုင်ငံသား ပင်ပန်းတာချင်း အတူတူ အလုပ်သမား လုပ်အားခသတ်မှတ် ချက် ခွဲခြားသတ်မှတ်ချက်မှာ မသင့်တော်ဘူး လို့ ထိုင်းအလုပ်သမားသဂ္ဂတွေက တစ်ဆင့်၊ ထိုင်းရှေ့နေများကောင်စီနဲ့ လူ့အခွင့်အရေး သမားတွေကတစ်ဆင့် ကျွန်တော်တို့ ထိထိ ရောက်ရောက်ပြောရတော့ မယ်။ လိုအပ်ရင် ဆန္ဒပြသင့်ရင် ပြရတော့ မယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။

လာမည့် အောက်တိုဘာ ၁ ရက်မှစပြီး ထိုင်းနိုင်ငံအတွင်း အလုပ်သမားများမှာ ခရိုင် အလိုက် လုပ်အားခ နှုန်းထားကိုးမျိုးနှင့်  အခြေ ခံလုပ်အားခတိုးမြှင့်ပေးရန် လုပ်အားခညှိနှိုင်း ရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ အဖွဲ့က သဘောတူအတည်ပြုခဲ့ခြင်းဖြစ်သည်။

လုပ်အားခသတ်မှတ်ချက်ကို ခရိုင်ဒေသ အလိုက်တိုးမြှင့်ခြင်းဖြစ်ပြီး တစ်ရက်လုပ်အား ခ ၃၅၄ ဘတ် အမြင့်ဆုံးလုပ်အားခတိုးမည့် ခရိုင်မှာ  ဖူးကက်၊ ရယောင်းနှင့် ချွန်ဘူရီခရိုင် တို့ဖြစ်ပြီး တစ်ရက်လုပ်အားခ ၃၂၈ ဘတ်ဖြင့် အနည်းဆုံး အခြေခံလုပ်အားခတိုးပေးမည့် ခရိုင်များမှာ ပတ္တာနီ၊ နရာထိဝပ်၊ ယလာ၊ နန့် နှင့် ဥဒွန်ဌာနီခရိုင်တို့ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်၊ နွန်ထဘူရီ၊ နခွန်ပထုံ၊ ပထုံဌာနီ၊ စမွတ်ပရာကန်နှင့် စမွတ်စာခွန်ခရိုင် များတွင် အခြေခံလုပ်အားခ ၃၅၃ ဘတ်၊ ချ ချိန်ဆောင်ခရိုင်တွင် ၃၄၅ ဘတ်၊ ဖရာ့နခွန်စရီ အယုထယာခရိုင်တွင် ၃၄၃ ဘတ်၊ ပရာကျင် ဘူရီ၊ နောင်ခိုင်၊ ဥဘွန်ရတ်ချဌာနီ၊ ဖန်ငါး၊ ကရာ့ဘီ၊ သရတ်၊ ခွန်ကန်၊ ချင်းမိုင်၊ စုဖန်ဘူရီ၊ စွန်ခလာ၊ ဆူရတ်ဌာနီ၊ နခွန်ရတ်ချစီမာ၊ လုတ် ဘူရီ၊ စရာ့ဘူရီခရိုင်တွင် ဘတ် ၃၄၀၊  မုဒါဟန်၊ ကာလစင်၊ စကွန်နခွန်၊ စမွတ်စွန်ခလမ်၊ ကျန် ထဘူရီနှင့် နခွန်နာယို့ (က်) တွင် ၃၃၈ ဘတ်၊ ဖေ့ချဘွန်ကန်ကျနဘူရီ၊ ဘိမ်ကန်၊ ချိုင်နတ်၊ နခွန်ဖနုန်၊ ဖယောင်၊ စုရင်၊ ရဆိုထွန်၊ လွိုင့် အစ်၊ လေ၊ ဖတ်ထလုံ၊ ဥသရဒစ်၊ နခွန်စဝမ်၊ ပရာ့ကျွပ်ခီလီခမ်၊ ဖိစနုလို့ (က်)၊ အံထောင်၊ စရာ့ကဲအို၊ ဘူရီရမ်နှင့် ဖေ့ချဘူရီတွင်  ၃၃၅ ဘတ်၊ အံနပ်ကျလွမ်၊ မယ်ဟောင်ဆောင်၊ ချင်း ရိုင်း၊ သရန်၊ စရီစကေ့စ်၊ နောင်ဘွာလမ်ဖွန်၊ ဌထိုင်ဌာနီ၊ လမ်ပန်၊ လမ်ဖွန်၊ ချွန်ဖော်၊ မဟာ စာရခမ်၊ စင်ဘူရီ၊ စတွန်၊ ဖရဲ့၊ ကမ်ဖယ်ဖေ့၊ ရတ်ချဘူရီ၊ တာ့ခ်၊ နခွန်စရီထမ္မရတ်၊ ချိုင်ယ ဖွန်၊ ရနောင်နဲ့ ဖိကျစ်ခရိုင်တွင် ၃၃၂ ဘတ်သို့ တိုးမြှင့်သတ်မှတ်ကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် လည်း  ယခုကဲ့သို့ အကျိုးခံစားခွင့်ရရှိမည်ဖြစ် သော်လည်း ကိုယ်လုပ်ကိုင်နေသည့် ပြည်နယ် (ခရိုင်) တွင်  ယခုအစိုးရသတ်မှတ်ပေးလိုက် သော အနိမ့်ဆုံးအခြေခံလုပ်အားခကို ပေး မပေးမှာ အလုပ်ရှင်အပေါ် မူတည်ကြောင်း လည်း   မြန်မာပြည်သားများအရေး ပူးတွဲလှုပ် ရှားမှုကော်မတီ JCBA ဥက္ကဋ္ဌ ဦးမိုးကြိုး က ဆိုသည်။  source;eleven