စက်သုံးဆီဈေးနှုန်းများဆက်တိုက်ကျဆင်းလာ ယနေ့တွင် 92 Ron တစ်လီတာလျင် ၂၀၅၀ ကျပ်ဖြင့်ရောင်းချ

ယခုရက်ပိုင်းအတွင်း၌ စက်သုံးဆီဈေးနှုန်းများဆက်တိုက်ကျဆင်းလျက်ရှိရာ စက်တင်ဘာ ၂၇ ရက်(ယနေ့)တွင် ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၂၀၇၀ ကျပ်ဖြင့်ရောင်းချပေးရန် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများအရ သိရသည်။ ရန်ကုန်မြိုတွင်း အချိ ဆိုင်များတွင်မူ တစ္လီတာ လျှင် ၂၀၅၀ဖြင့်ရောင်ချလျက်ရှိသည်။

အလားတူ ပဲခူးတိုင်းတွင်လည်း 92 Ron တစ်လီတာလျင် ၂၀၇၅ ကျပ်ဖြင့် ယနေ့ ရောင်းချလျက်ရှိသည်ဟု သိရသည်။ ထို့ပြင် မန္တလေး၊နေပြည်တော်၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊မြစ်ကြီးနား၊ ဘားအံနှင့်မော်လမြိုင်၊လားရှိး၊ တောင်ကြီးနှင့်လွိုင်ကော်တိုတွင်လည်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာလျက်ရှိပြီး 92 Ron တစ်လီတာလျင် ၂၁၀၀ ကျပ်ကျော်ရှိခဲ့သည်။

ထို့အတူ စစ်တွေမြိုတွင် 92 Ron တစ်လီတာလျင် ၂၂၁၀ ကျပ်၊ဟားခါးတွင် ၂၃၇၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကာ ယမန်နေ့များက 92 Ron တစ်လီတာလျင် ၃၀၀၀ ကျပ်ကျော်ဖြင့်ရောင်းချခဲ့သည့် ကျိင်းတုံမြိုတွင်လည်း ၂၉၄၀ ကျပ်သိုပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီဈေးအဖြစ် 92 Ron တစ်လီတာလျင် ၂၀၇၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၁၄၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၅၄၀ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မွာ တစ်လီတာလျင် ၂၆၂၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကား ဈေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၉၆၇ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၄၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၄၃၂ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မွာ တစ်လီတာလျင် ၂၅၁၁ ကျပ်တို့ဖြစ်သည်။

အဆိုပါ ဈေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမွ MOPS ဈေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့်ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

 

source;popularnews