ပုသိမ်မြို့နယ်တွင် ညမထွက်ရအမိန့်အား လိုက်နာခြင်းမရှိ၍ ထောင်ဒဏ်တစ်လချမှတ်ခံထားရသူ ၇ ဦးရှိ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ပုဒ်မ ၁၄၄၊ အမိန့်အမှတ်(၅/၂၀၂၂)ဖြင့် ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်အား လိုက်နာခြင်းမရှိ၍ ထောင်ဒဏ် ၁ လချမှတ်ခံထားရသူ ၇ ဦး ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှသိရသည်။
တရားရုံးမှ ထောင်ဒဏ် ၁ လအမိန့်ချမှတ်ခံခဲ့ရသူ ၇ ဦးသည် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည့် ဇူလိုင် ၂၆ ရက်မှ စတင်ကာ စက်တင်ဘာ ၂၁ ရက်အထိ လူဦးရေစာရင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောင်ဒဏ် ၁ လအမိန့်ချမှတ်ခံရသူ ၇ ဦးသည် ထုတ်ပြန်ထားသည့်အမိန့်အားလိုက်နာခြင်းမရှိဘဲ ည ၁၂ နာရီ ကျော်လွန်ကာ လမ်းပေါ်တွင်တက်ရောက်သွားလာခဲ့၍ ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပုသိမိမြို့နယ်တွင် လူ ၅ ဦး(သို့) ၅ ဦးထက်ပို၍ လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့)အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းတို့ မပြုရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှ ထုတ်ပြန်ထားသည်။
အလားတူ ည ၁၂ နာရီမှနံနက် ၄ နာရီအထိ မည် သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းများပေါ်သို့ တက်ရောက်သွားလာခြင်းများမပြုရန်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ပုသိမ်မှ အသိပေးထုတ်ပြန်ထားသည်။
source:popularnews