ဟယ်ရီကိန်းကိုခေါ်ရန် ဂရေဟမ်ပေါ်တာ ဆန္ဒရှိနေ

ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာဟာ အသင်းတိုက်စစ်ကို အားဖြည့်ဖို့အတွက် ပြိုင်ဘက် စပါးအသင်းဆီကနေ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဒီဘက်နှစ်ပိုင်းတွေအတွင်း တိုက်စစ်ပိုင်း အားနည်းမှုတွေရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရေတိုပြင်ဆင်မှုအဖြစ် အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီးယန်းကို ပြန်လည်အားဖြည့်ခဲ့တာပါ။

ဒါပေမယ့် ဘရိုက်တန်နည်းပြဟောင်း ပေါ်တာကတော့ ရာသီကုန်မှာ ဟယ်ရီကိန်းကိုသာ အရခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အင်တာမီလန်အသင်းဆီ အငှားရောက်ရှိနေတဲ့ လူကာကူကို အလိုက်ပေးပြီး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအသင်းက ကြိုးပမ်းဖွယ် ရှိနေတာပါ။ အသက် ၂၉ နှစ်အရွယ် ဟယ်ရီကိန်းဟာ စပါးအသင်းမှာ ၂၀၀၉ ခုနှစ် ကတည်းက ကစားနေခဲ့တာ ဖြစ်ပြီး ၃၉၅ ပွဲမှာ ၂၅၄ ဂိုးထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။