ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၅/၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲအား ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပါတီမှ Video Conferencing ဖြင့် ပြုလုပ်

စက်တင်ဘာ ၂၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ ပြုလုပ်ခဲ့သော ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၅/၂၀၂၂) မှ မှာကြားချက်များနှင့် အတွေ့အကြုံရှင်းလင်းပွဲကို ၁၉-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီရုံးတွင် Video Conferencing ဖြင့် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီအစည်းအဝေး (၅/၂၀၂၂)က မှာကြားချက်များ အတွေ့အကြုံများအား Video Conferencing မှ  ရှင်းလင်း ပြောကြားဆွေးနွေးခဲ့သည်။

အဆိုပါ Video Conferencing ​ဖြင့် ပြုလုပ်သော အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦး​အောင်ချိုဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

#USDP #Myanmar

#Bago(West)