အချက်အလက်များအား မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် SIM Card များကို အပြီးပိတ်သိမ်းသွားမည်

SIM Card များဝယ်ယူအသုံးပြုရာတွင် မှတ်ပုံတင်(မူရင်း)ဖြင့် အမည်၊မှတ်ပုံတင်အမှတ်တို့အား မှန်ကန်စွာ ဖြည့်စွက်၍ စနစ်တကျမှတ်ပုံ တင်ပြီးမှသာ အသုံးပြုရမည်ဖြစ်ကာ လက်ရှိအ သုံးပြုနေသည့် SIM Card များ၌ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိပါက အ ပြီးပိတ်သိမ်းသွားမည်ဖြစ်ကာ ပိတ်သိမ်း SIM Card များရှိလက်ကျန်ငွေများအား ပြည့်သူ့ဘ ဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ SIM Card များ စနစ်တကျ ဝယ်ယူအသုံးပြုနိုင်ရေးနှင့်မှန်ကန်စွာမှတ်ပုံတင်သုံးစွဲနိုင်ရေးအတွက် အသိပေးကြေ ညာခဲ့ခြင်းဖြစ်သည်။

SIM Card အသုံးပြုသူအချို့သည် အမည်၊မှတ်ပုံ တင်အမှတ်တို့အား မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြု နေကြသည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့် စွက်ထားသည့် အမည်၊မှတ်ပုံတင်အမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ e-ID Database အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

 ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများသည် SIM Card များ ရောင်းချခြင်း၊ အချက်အလက်များမှန်ကန်စွာ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းတို့တွင် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူခံရမည်ဖြစ်သည်။

ထို့ကြောင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် အချက်အလက်များအား မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင် ဝယ်ယူသုံးစွဲကြရန်နှင့်လက်ရှိ အသုံးပြုနေသည့် SIM Card များကို အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန် လည်စစ်ဆေးရမည်ဖြစ်သည်။

ထိုသို့ ပြန်လည်စစ်ဆေးရာ၌ အချက်အလက်များ မမှန်ကန်ပါက ပိတ်သိမ်းခံရမှုမရှိစေရန် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှု၊အရောင်းဆိုင်များ၊ Mobile Shop များတွင် ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။