လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာမည်ဆိုပါက နည်းပြ တန်ဟက်ဂ် အနေဖြင့် ဆောင်းရာသီအသုံးစရိတ် ပေါင်သန်း ၁၀၀ အထိ အသုံးပြုခွင့်ရမည်

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ နာမည်ကျော်ဝါရင့် တိုက်စစ်မှူး စီရော်နယ်လ်ဒို ထွက်ခွာမည်ဆိုပါက နည်းပြ တန်ဟက်ဂ်အနေဖြင့် ဆောင်းရာသီအသုံးစရိတ် ပေါင်သန်း ၁၀၀ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ နာမည်ကျော်ဝါရင့် တိုက်စစ်မှူး စီရော်နယ်လ်ဒို ထွက်ခွာမည်ဆိုပါက နည်းပြ တန်ဟက်ဂ်အနေဖြင့် ဆောင်းရာသီအသုံးစရိတ် ပေါင်သန်း ၁၀၀ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုရာသီတွင် မန်ယူအသင်းကို စတင်ကိုင်တွယ်သည့် ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် မာလာစီယာ၊ အဲရစ်ဆင်၊ တွမ်ဟက်ဒယ်စတုန်း၊ လီဆန်ဒရိုမာတီနက်ဇ်၊ ကက်စီမီရိုနှင့် အန်တိုနီတို့ကို ခြောက်ဦးကို ပေါင်သန်း ၂၃၀ ဝန်းကျင်ဖြင့် ခေါ်ယူခဲ့သည်။

သို့သော် The Sun ၏ဖော်ပြမှုအရ မန်ယူအသင်းတာဝန်ရှိသူများသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလ အတွက် နည်းပြတန်ဟက်ဂ်ကို ပေါင်သန်း ၇၀ ထုတ်ပေးရန် အသင့်ရှိနေပြီး စီရော်နယ်လ်ဒိုသာ အသင်းမှ ထွက်ခွာမည်ဆိုပါက တန်ဟက်ဂ်အနေဖြင့် ပေါင်သန်း ၃၀ ထပ်မံသုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ချန်ပီယံလိဂ်ကစားခွင့်ရသည့် အသင်းတစ်သင်းထံသို့ ပြောင်းရွှေ့ရန်ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်သဖြင့် မန်ယူအသင်းတွင် ဆက်နေခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းအနေဖြင့် လာမည့်ဇန်နဝါရီတွင် အသင်းမှထွက်ခွာရန် ပြန်လည်ကြိုးပမ်းလာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြနေကြသည်။ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် တစ်ပတ် လစာပေါင် ၄၅၀၀၀၀ ရရှိနေရာ ၎င်းထွက် ခွာသွားပါက တန်ဟက်ဂ်အနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း ၃၀ အပိုအသုံးပြုခွင့်ရမည်ဖြစ်သည်။

မန်ယူအသင်းအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်က ခေါ် ယူရန် ကြိုးပမ်းခဲ့ဖူးသည် ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ခေါ်ယူရန်ထပ်မံ ကြိုးပမ်းလာဖွယ်ရှိနေကြောင်း သိရသည်။

ထို့ပြင် စီရော်နယ်လ်ဒို အသင်းမှထွက်ခွာမည်ဆိုပါက တန်ဟက်ဂ်အနေဖြင့် ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဦးကို ခေါ်ယူဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။