ရန်ကုန်တွင် 92 တစ်လီတာ၂၅၀၀ နီးပါးပြန်ဖြစ်လာ

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ စက်တင်ဘာ(၁၄)ရက် အတွက် စက်သုံးဆီဈေးနှုန်းတွေအရ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာကို ၂၄၈၅ ကျပ် အထိ ပြန်တက်လာတာကို တွေ့ရပါတယ်။

စက်တင်ဘာ(၁၄)ရက်အတွက် စက်သုံးဆီဈေးနှုန်းတွေအရ ရန်ကုန်မှာ အောက်တိန်း92တစ်လီတာကို ၂၄၈၅ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၅၇၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၃၀၆၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၅၀ ရှိပါတယ်။

ဒီဈေးနှုန်းတွေဟာ အရင်နေ့ကဈေးနှုန်းနဲ့ယှဉ်ရင် အောက်တိန်း92တစ်လီတာကို ၆၅ကျပ်၊ အောက်တိန်း95 တစ်လီတာကို ၅၅ကျပ်၊ ရိုးရိုးဒီဇယ်နဲ့ ပရီမီယံတစ်လီတာကို ၄၅ကျပ်စီ ဈေးမြင့်တက်လာတာပါ။ နေပြည်တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း စက်သုံးဆီဈေးတွေ ပြန်တက်လာတာကို တွေ့ရပါတယ်။