နစက ဥက္ကဋ္ဌ နှင့်အဖွဲ့ ရုရှားနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

ရုရှားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင်  Irkutsk မှ ပြန်လည်ထွက်ခွာလာရာ နေပြည်​တော် သို့ ပြန်လည်​ရောက်ရှိပြီဖြစ်သည်။

ရုရှားသမ္မတဗလာတီမာပူတင်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့သလို၊ အခြား​သောမြို့များသို့ သွား​ရောက်ပြီး အစိုးရအဖွဲ့များ၊​ ကော်ပို​ရေးရှင်းများနှင့် ပူးတွဲလုပ်​ဆောင်နိုင်မည့် ကဏ္ဍ များကို ​ဆွေး​နွေးခဲ့ကြကြောင်းသိရသည်။

​နေပြည်​တော်​လေဆိပ်တွင်လည်း လာ​ရောက်ကြိုကြ​သော ပရိသတ်များက တိုးတက်မူရလာဒ်များအတွက် ဝမ်းသာစွာ​စောင့်ဆိုင်းနှုတ်ဆက်ခဲ့ကြသည်။