တရုတ်တွင် COVID-19 ကူးစက်မှုများကြောင့် ကျောင်းသား ၅၀၀ ခန့်ကို ကွာရန်တင်းစင်တာသို့ ပို့ဆောင်
တရုတ်၏ ရုပ်သံဂျာနယ်လစ်ပညာသင် ကြားမှုကောလိပ်၏ အဆောင်တစ်ဆောင် တွင် COVID-19 ကူးစက်မှုဖြစ်စဉ်အချို့ တွေ့ရှိခဲ့ပြီးနောက် ယင်းကျောင်းမှ ကျောင်းသား ၅၀၀ နီးပါးကို ကွာရန်တင်းစင်တာတစ်ခု သို့ ပို့ဆောင်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြခဲ့သည်။
တရုတ်ဆက်သွယ်ရေးပညာတက္ကသိုလ် မှ ကျောင်းသား ၄၈၈ ဦး၊ ဆရာ ၁၉ ဦးနှင့် လက်ထောက် ငါးဦးတို့ကို စက်တင်ဘာ ၉ ရက် ညပိုင်းကစတင်ပြီး ဘတ်စ်ကားဖြင့် ကွာ ရန်တင်းစင်တာသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သည်ဟု ယူဆရသူ မည်သူမဆိုကို ကွာရန်တင်းဝင်စေခြင်းသည် တရုတ်၏ ကိုဗစ်ကင်းစင်မူဝါဒ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ယာယီဆေးရုံများနှင့် အားကစားခန်းမ များ၊ ပြပွဲခန်းမများကို အသုံးပြုထားသည့် ယင်းကွာရန်တင်းစင်တာများတွင် လူများ ပြည့်နှက်နေခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အပိုင်း အားနည်းခြင်းနှင့် အစားအသောက် မကောင်းမှုတို့ကြောင့် ဝေဖန်ခံခဲ့ရသည်။ စက်တင်ဘာ ၁၁ ရက်တွင် ပြည်တွင်း ကူးစက်ခံရသူ ၁၂၄၈ ဦးသာရှိခဲ့သည့်တိုင် ပြီးခဲ့သည့် သီတင်းပတ်အထိ တရုတ်ဒေသခံ ၆၅ သန်းခန့်သည် လော့ဒေါင်းများအောက် တွင်ရှိနေသည်။ ကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြသူများ ဖြစ်သည်။
လော့ဒေါင်းများချမှတ်မှုကြောင့် အွန်လိုင်းပေါ်တွင် ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ် ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့ ပြီး စီးပွားရေးအတွက် အဓိကထိုးနှက်ချက်ဖြစ် ခဲ့ကာ လျှပ်စစ်ပစ္စည်းများနှင့် အခြားထုတ်ကုန် များအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များကို ထိခိုက်စေခဲ့သည်။
တရုတ်၏ အကြီးဆုံးမြို့ဖြစ်သည့် ရှန်ဟိုင်းတွင် နွေရာသီကာလက သီတင်းပတ်အတန်ကြာ လော့ဒေါင်းများ ချမှတ်ခဲ့သဖြင့် ရွှေ့ပြောင်းလုပ်သားများနှင့် ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များသည် ယင်းမြို့မှ အစုလိုက် အပြုံလိုက်ထွက်ခွာသွားခဲ့ပြီး ယင်းဂယက်များ ၏ ရိုက်ခတ်မှုကို ခံစားနေရဆဲဖြစ်သည်။
ယခုသီတင်းပတ်အတွင်း စီးပွားရေး အချက်အလက်များ ထုတ်ပြန်ခဲ့မှုနှင့်အတူ ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အား အကြီးဆုံး တရုတ် သည် ကပ်ရောဂါကို မည်ကဲ့သို့ ကိုင်တွယ်ဖြေ ရှင်းနေသည်ဆိုသည့်အချက်ကို ကျွမ်းကျင်သူ များက လေ့လာသုံးသပ်နေကြသည်။
အာဏာပိုင်များသည် လော့ဒေါင်းချ မှတ်မှုများနှင့်အတူ နေ့စဉ်နှင့်အမျှ ရောဂါစစ် ဆေးခြင်း၊ ခရီးသွားလာမှု တားမြစ်ကန့်သတ် ချက်များနှင့် စာသင်ကျောင်းများကို ပြန်မဖွင့် ဘဲ ဆိုင်းငံ့မှုတို့ ပြုလုပ်ခဲ့သည်။
တရုတ်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို စွဲမြဲစွာကျင့်သုံးနေသော ဟောင်ကောင်တွင်မူ စက်တင်ဘာ ၁၀ ရက်မှစ၍ ပြည်တွင်းအခြေ ပြုလေကြောင်း လိုင်းဝန်ထမ်းများအတွက်ကွာ ရန်တင်း စည်းမျဉ်းများကို ပယ်ဖျက်ပေးလိုက် ကြောင်း အစိုးရက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းသည် ဟောင် ကောင်ကို သီးခြားဖြစ်နေစေသည့် ပြင်းထန် သောကိုရိုနာ ဗိုင်းရပ်စ် စည်းမျဉ်းများကို ဖြေ လျှော့မှုအတွက် အဓိက ခြေလှမ်းတစ်ရပ်ဖြစ် ခဲ့သည်။ အစီအစဉ်သစ်အရ ပြည်တွင်းအခြေပြု လေကြောင်းလိုင်းဝန်ထမ်းများအနေဖြင့်လေ ဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်နေအိမ် သို့ ပြန်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က လေကြောင်းလိုင်းဝန်ထမ်းများသည် နေအိမ်များကို မပြန်မီ ဟိုတယ်တွင် သုံးရက်ကြာ ကွာရန်တင်း ဝင်ရသည်ဟုဆို သည်။ တင်းကျပ်သော ကန့်သတ်ချက်စည်း မျဉ်းများကြောင့် Virgin နှင့် British လေကြောင်းလိုင်းများအပါအဝင် လေကြောင်း လိုင်းအများအပြားသည် ဟောင်ကောင်တွင် ပြေးဆွဲမှု ဆိုင်းငံ့ခဲ့ပြီးနောက် ဟောင်ကောင် အစိုးရက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။