ငွေလွှဲ၊ငွေထုတ်ပြုလုပ်ရာတွင် မှတ်ပုံတင်ယူ ဆောင်လာကြရန် Wave Money တိုက်တွန်း

ငွေလွှဲ၊ ငွေထုတ်ခြင်းများပြုလုပ်ရာတွင် မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း စည်းမျဥ်း၊စည်းကမ်းများအရ ပိုမိုလုံခြုံစိတ်ချရစေရန် Wave Money က လုံခြုံရေးအဆင်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ အဆင်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသဖြင့် Wave ဆိုင်များ၌ ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှု အသုံးပြုသူများ အနေဖြင့် မှတ်ပုံတင်အား မဖြစ်မနေယူဆောင်လာရမည်ဟု သိရသည်။

ထို့ပြင် အချက်အလက်အပြည့်အစုံအား ဖြည့်စွက်ရန်လိုအပ်ကာ ထိုသို့ ပြည့်စုံစွာဖြည့်စွက်မှသာ သို့မှသာ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် Wave Money ဖြင့် ငွေလွှဲ၊ ငွေထုတ်လုပ်ဆောင်ခြင်းများအတွက် မှတ်ပုံတင်ယူဆောင်လာကြရန် အသိပေးတိုက်တွန်းထားသည်။