နယူးယောက်ကနေ လန်ဒန်ကို ၃ နာရီခွဲနဲ့ ပို့ဆောင်ပေးမယ့် မြန်နှုန်းမြင့် ဂျက်လေယာဉ်

လက်ရှိမှာ နယူးယောက်ကနေ လန်ဒန်ကို လေယာဉ်နဲ့ သွားရင် ၇ နာရီလောက်ကြာမြင့်ပါတယ်။ လေယာဉ် ပညာရှင်တွေက ဒီထက် မြန်တဲ့နှုန်းနဲ့ သွားနိုင်မယ့် လေယာဉ်တွေကို ဖန်တီးနေပါတယ်။လေယာဉ် ကုမ္ပဏီ Boom Supersonic က Overture အမည်ရ လေယာဉ် အသစ်ကို တည်ဆောက်ထားပြီး နယူးယောက် ကနေ လန်ဒန်ကို အချိန် ၃ နာရီခွဲနဲ့ ပို့ဆောင်ပေးနိုင်ပါတယ်။ လက်ရှိ ခရီးချိန်ထက် ထက်ဝက်လောက် ပိုမြန်သွားမှာပါ။ အဲဒီ လေယာဉ်ကို ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်မှာ ဖြစ်ပြီး ခရီးသည် ၆၅ ယောက်ကနေ ၈၈ ယောက်အထိ သယ်ဆောင်နိုင်ပါတယ်။

Overture ဟာ တစ်နာရီကို ၁,၃၀၄ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ Boom Supersonic ဟာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးအောင်လည်း ကြိုးစားနေပါတယ်။ ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ ကာဘွန်ဒိုင်အောက်ဆိုက် လုံးဝ မထုတ်လွှတ်ဖို့ ၂၀၄၀ ခုနှစ်မှာ ဖန်လုံအိမ် ဓါတ်ငွေ့ လုံးဝ မထုတ်လွှတ်အောင် ရည်မှန်းထားပါတယ်။Boom Supersonic ရဲ့ Overture ဟာ လေယာဉ် နည်းပညာကို တော်လှန်ဆန်းသစ်စေမှာ ဖြစ်ပြီး လေကြောင်းလိုင်းများစွာဟာ အဲဒီ ဂျက်လေယာဉ်ကို ဝယ်ဖို့ စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။

Ref : timeout