အာဆီယံအဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံအား မြန်မာနိုင်ငံသို့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် စက်တင်ဘာ ၁ ရက်မှစ၍ ခွင့်ပြုမည်

အာဆီယံအဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံအား မြန်မာနိုင်ငံသို့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် စက်တင်ဘာ ၁ ရက်မှစ၍ ခွင့်ပြုမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကာလအလွန်တွင် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုများကို ပြန်လည်ဖြေလျှော့မှုများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနက် ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံတို့မှ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကြား သံတမန်/အထူးနှင့် သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများအတွက် နှစ်နိုင်ငံ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ကို စက်တင်ဘာ ၁ ရက်မှ စတင်၍ ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် ကျန်းမာရေးစည်း မျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။