ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

လားရှိုး ဩဂုတ် ၂၉

၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၂၉) ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ မြို့နယ်ကော်မတီဝင်များနှင့် နယ်မြေစည်းရုံးရေးမှူးများသည် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၇)အတွင်းတွင် နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား စားစရာခေါက်ဆွဲခြောက်များနှင့် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ ကူညီခဲ့ကြပါသည်။