မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၂၀၀ ဝန်းကျင်အထိ စျေးနှုန်းဖြစ်ပေါ်နေဟုဆို
၂၀၂၂ ခုနှစ် သြဂုတ် ၂၈ရက်တွင် ဗဟိုဘဏ်စျေးနှုန်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ် လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်သော်လည်း ပြင်ပစျေးကွက်တွင် တစ်ဒေါ် လာ ၃၂၀၀ ဝန်း ကျင်ဖြစ်ပေါ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးက ၃၀၀၀ ကျော်တာတောင် ဝယ်မရ ဘူးဖြစ်နေတယ်။ ကြိုက်ရောင်း ကြိုက်ဝယ် သဘောပဲ အလုပ်ဖြစ်နေတာပါ။ ငွေလဲကောင် တာတွေကလည်း အရင်လို အပြင်ပေါက်စျေး နဲ့ မဝယ်တော့ဘဲ ဗဟိုဘဏ်ပေါက်စျေးနဲ့ပဲ ဝယ်ပြီး ပြန်ရောင်းတာမရှိတော့ ငွေလဲကောင် တာတွေမှာ ဒေါ်လာဝယ်ဖို့က တော်တော်ခက် ခဲနေတယ်။ အပြင်စျေးကွက်မှာပဲ ဝယ်တဲ့သူနဲ့ ရောင်းတဲ့သူ ချိတ်ဆက် ပြီး ဝယ်ရောင်းလုပ်နေ ကြတာ”ဟု နိုင်ငံခြားငွေကြေးရောင်းဝယ် ပြုလုပ်နေသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခု နှစ် သြဂုတ် ၂၈ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ လဲလှယ်နှုန်းများ မှာ ယူရို ကျပ် ၃၂၅၀၊ စင်ကာပူဒေါ်လာ ကျပ် ၂၄၀၀၊ မလေးရှားရင်းဂစ် ကျပ် ၇၄၀၊ ထိုင်း ဘတ် ၉၅ ကျပ်၊ တရုတ်ယွမ် ကျပ် ၄၈၀၊ ဂျပန် ယန်း ၂၄ ကျပ်တို့ဖြစ်သည်။
နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ် နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအ ရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ထုတ်ပြန်ထားသည်။ တရားမဝင်အွန်လိုင်းသတင်းမီဒီယာများက နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့် အတား ဖြစ်စေရန်နှင့် အများပြည်သူများ အား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည် ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံ ခြားငွေလဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများ ဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက် လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက် ရှိပါသည်။
ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေး အတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင် ရေး၊ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး၊ တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများ နှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာ များ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေ ဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှတရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများ အပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့် ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိကာလတွင် အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍ အတိုးနှုန်း မြှင့်တင်သွားမည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုး တက်နေသဖြင့် ၎င်းနှင့် လဲလှယ်သည့်အခြား ငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိသည်။ Eleven