တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ မြန်နှုန်းမြင့်ရထားများ စတင် တင်ပို့

အင်ဒိုနီးရှားနိုင်ငံ ဂ်ကာတာ-ဘန်ဒေါင်း  မြန်နှုန်းမြင့်ရထားလမ်းအတွက် အထူးထုတ်လုပ်ထားသော မြန်နှုန်းမြင့် ခရီးသည်တင် လျှပ်စစ်ရထားနှင့် စစ်ဆေးစမ်းသပ်ရေးရထားသည် ဩဂုတ် ၂၁ ရက် က တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း သိရသည်။အဆိုပါရထားများကို ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်၏ အထင်ကရ စီမံကိန်းတစ်ခုအဖြစ်  CRRC Qingdao Sifang Co., Ltd.မွ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်း ဖြစ်သည်။

ပထမအသုတ် ရထားများသည် ဩဂုတ်လကုန်ပိုင်းတွင် ဂ်ကာတာသို ရောက်ရှိမည်ဖြစ်ပြီး ကျန်ရထားများကို ၂၀၂၃ ခုနှစ် အစောပိုင်းတွင် အသုတ္ခြဲ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ဖုရှင်း(Fuxing)ကျည်ဆန်ရထားများ၏ အဆင့်မြင်နည်းပညာကြောင့် ရထား၏အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ ပြေးဆွဲနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏စံချိန်စံညွှန်များအတိုင်း ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ပတ်ဝန်းကျင်၊လမ်းကြောင်းအနေအထား၊ ဒေသယဉ်ကျေးမှုနှင့်လည်း ကိုက်ညီမှုရှိကြောင်း သိရသည်။

ဂ်ကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် အင်ဒိုနီးရှားနိုင်ငံ၏ နာမည်ကျော် ခရီးသွားမြိုတော် ဘန်ဒေါင်းကို ချိတ်ဆက်ထားရာ စုစုပေါင်းအရှည် ၁၄၂ ကီလိုမီတာ ရှိကြောင်း သိရသည်။ Xinhua