ယူကရိန်းသား အိုလက်ဆန်းဒါးက ဂျိုရွှာကို အနိုင်ယူပြီး ဟဲဗီးဝိတ် ချန်ပီယံဆုများကာကွယ်

ယူကရိန်း နိုင်ငံသား လက်ဝှေ့သမား အိုလက်ဆန်းဒါးအိဆစ် က ဗြိတိန်နိုင်ငံသား လက်ဝှေ့သမား အန္သိုနီ ဂျိုရွှာ ကို အနိုင်ယူပြီး သူရဲ့ WBA, WBO, IBF နဲ့ IBO ခါးပတ်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါ မြိုမှာ ထိုးသတ်တဲ့ ပြဲကို ပင်လယ်နီက အမျက်ဒေါသ လို  ကင်ပွန်းတပ်ခဲ့ပြီး ဖိုက်တာနှစ်ဦးကြားက မကြေပွဲ ဖြစ်ပြီး စက်တင်ဘာလ လန်ဒန်ပွဲမှာတုန်းကတော့ ဒိုင်လူကြီး သုံးဦးစလုံး ရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ အိုလက်ဆန်းဒါးက ဂျိုရွှာရဲ့ ခါးပတ်တွေကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က သူ့နိုင်ငံမှာ ရုရှားကျူးကျော်တာကို ကာကွယ်နေခဲ့တဲ့ အိုလက်ဆန်းဒါး ကို ဒိုင်လူကြီး သုံးဦး အနက် ဗြိတိန် နဲ့ ယူကရိန်း ဒိုင်တိုက ၁၁၅-၁၁၃ နဲ့ ၁၁၆-၁၁၂ တိုပေးခဲ့ပေမယ့် အမေရိကန် ဒိုင်လူကြီးကတော့ ၁၁၅-၁၁၃ နဲ့ ဂျိုရွှာကို အံ့အားသင့်ဖွယ် အနိုင်ပေးခဲ့ပါတယ်။

ဒီနိုင်ပွဲနဲ့ အတူ အိုလက်ဆန်းဒါး ၃၅ နှစ်က ပွဲပေါင်း ၂၀ ရှုံးပွဲမရှိ စံချိန် ရရှိခဲ့ပြီး ဂျိုရွှာ ၃၂ နှစ်ကတော့ သုံးကြိမ်မြောက် အရှုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အိုလက် ဆန်းဒါး က သူ့အနေနဲ့ နောက်တစ်ကြိမ်ဆိုရင် WBC ချန်ပီယံ တိုင်ဆန်ဖျူရီကို ထိုးသတ်ချင်တယ်လို့ ပြောကြားပါတယ်။ တိုင်ဆန်ဖျူရီ ကေတာ့ ကြိုးဝိုင်းက အနားယူပြီလိုဆိုထားပါတယ်။

အိုလက်ဆန်းဒါးက သူ့အောင်ပွဲကို ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေအတွက် ရည်စူးခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန္စကီး က အိုလက်ဆန်းဒါး အောင်ပွဲကို ခက်ခဲပေမယ့် အရေးပါပြီး လိုအပ်တဲ့နိုင်ပွဲလို ပြောကြားပါတယ်။