မြန်မာ့တပ်မတော်တင့်တပ်ဖွဲ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ၌ ပထမဆုရရွိ

                                                                                            Photo – Naing Swe Oo FB and MOI

 

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် International  Army  Games-2022 ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank  Biathlon(Tank  Crews Competition) Division-2 ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့သည် Crew – 1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်၊ Crew -2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်၊ Crew – 3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်(စုစုပေါင်း ပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့်)ရရွိခဲ့ကာ ပစ်မှတ် ၁၅ ခုအနက် ၁၄ ခုထိမှန်ခဲ့၍ ပထမဆုရရှိခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲ၌ မိုင်ကုန်မောင်းနှင်၍စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ရပ်လျက်ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ်စက် သေနတ် ကျည် ၁၅ တောင့်ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ  ယှဉ်တွဲစက်သေနတ်ကျည် ၁၅ တောင့်ရပ်လျက်ပစ်ခတ်ခြင်းတိုအား ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်တင့်တပ်ဖွဲသည် ဆီးဒီးယား၊လာအို၊အီရန်၊တာဂျစ်ကစ္စတန်၊တောင်အာဆက်တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ဇင်ဘာဘွေ၊ အာမေးနီးယားနှင့်မာလီနိုင်ငံတိုမှ တင့်တပ်ဖွဲဝင်များနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပထမဆုအား ထိုက်တန်စွာရရှိခဲ့ခြင်းဖြစ်သည်။

International  Army  Games-2022 ပြိုင်ပွဲအား ရုရှားနိုင်ငံ၌ သြဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပလျက်ရှိကာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များသည် တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank  Biathlon အား ယခုနှစ်အပါအဝင် ၅ ကြိမ်မြောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆ ၊ ၂၀၁၉ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅ ၊ ၂၀၂၀ ပြည့်နှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄ ၊ ၂၀၂၁ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်း အနက် တတိယတိုဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာစစ်ဘက်အဖွဲအစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိရန် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲတွင်လည်း မြန်မာ့ တပ်မတော် ကိုယ်စားပြုဗိုလ်လောင်းများက ပြိုင်ပွဲအမျိုးအစား  ၇ မျိုး ရှိအနက် ၃ မျိုးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ တွင် နိုင်ငံအလိုက်အဆင့် ၈ ရရှိခဲ့သည်။

ထို့ပြင် မြန်မာ့တပ်မတော်သည် International  Army  Games-2022 ပြိုင်ပွဲများဖြစ်သည့် ဆေး တပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ(Military  Medical Relay Race(Medical Staff Competition) ၊ လက်ဖြောင့်သေနတ် ပစ်ခတ်ခြင်းပြိုင်ပွဲ( Sinper Frontier)နှင့် ဆက်စပ်ပြိုင်ပွဲဖြစ်သည့် Army of Culture တွင်လည်း မြန်မာ့တပ်မတော် ကိုယ်စားပြု ရိုးရာယဉ် ကျေးမှုအဖွဲ့များက ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။