ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း အမျိုးသမီးရေးရာနှင့် လူငယ်တာဝန်ခံများမှ အခြေခံရုံးလုပ်ငန်း/ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းများအား ကြည့်ရှုအားပေး

ရန်ကုန်။   ။ သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခြေခံရုံးလုပ်ငန်း/ကွန်ပျူတာ သင်တန်းနှင့် စက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ  အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ် စန်းစန်းဝင်း၊ လူငယ်ရေးရာ နှင့် စီမံရေးရာတာဝန်ခံ ဒေါ်သင်းသင်းမိုး၊ လူငယ်ရေးရာနှင့် ပညာရေးရာ တာဝန်ခံ ဒေါ်အေးအေးမြင့်တို့မှ လှည့်လည်ကြည့်ရှု ၍ သင်တန်းတက်ရောက်ကြသော မြို့နယ် အသီးသီးမှလူငယ်နှင့်အမျိုးသမီးပါတီဝင်များကို အားပေးစကား ပြောကြားခဲ့ကြပါသည်။

ရန်ကုန်တိုင်းလူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံများတို့အား ခရိုင်ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ် ဇာခြည်လင်း၊ ခရိုင်ကော်မတီဝင် (သင်တန်းတာဝန်ခံ) ဒေါ် လဲ့လဲ့အေးနှင့် တန်းကြီးကြပ်များက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အသီးသီး မှသင်တန်းသား/သင်တန်းသူ (၆၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။