ရန်ကုန်မြို့တွင် စက်သုံးဆီစျေးနှုန်း ၉၂ တစ်လီတာလျှင် နှစ်ရက်အတွင်း ကျပ် ၂၅၀ နီးပါး မြင့်တက်လာခဲ့ပြီး ဒီဇယ်ဆီစျေး များ ကျပ် ၁၀၀ ကျော်ကျဆင်း

ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်း ၉၂ တစ်လီတာလျှင် နှစ်ရက်အတွင်း ကျပ် ၂၅၀ နီးပါးသို့ မြင့်တက် လာခဲ့ပြီး ဒီဇယ်ဆီစျေးများမှာ ကျပ် ၁၀၀ ကျော်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရ သည်။သြဂုတ် ၉ ရက်တွင် ရောင်းချသည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၉၂၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၁၈၅ ကျပ်များဖြစ်သည်။

သြဂုတ် ၈ ရက်တွင် ရောင်းချသည့်စျေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၁၈၂၀ ကျပ်၊ ၉၅ တစ်လီတာ လျှင် ၁၈၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၂၉၀ ကျပ်များဖြစ် သည်။ ယင်းကြောင့် ဓာတ်ဆီစျေးနှုန်းများမှာ မြင့်တက်လာပြီး ဒီဇယ်ဆီစျေးနှုန်းမှာ ကျဆင်းလာခဲ့သည်ကို တွေ့ ရသည်။စက်သုံးဆီစျေးနှုန်းမှာ သြဂုတ် ၆ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းသို့ ကျဆင်းလာခဲ့ပြီး ယင်းနေ့တွင် ရောင်းချသည့ ်စျေးနှုန်းများမှာ ၉၂ တစ်လီတာ ၁၆၁၅ ကျပ်၊ ၉၅ တစ်လီတာ ၁၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ် လီတာ ၂၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၁၉၇၀ ကျပ်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်သို့ တိုးမြင့်သတ်မှတ် လိုက်ပြီးနောက်တွင် စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။သြဂုတ် ၅ ရက်တွင် ဗဟိုဘဏ်က ငွေလဲနှုန်းကို ၂၁၀၀ ကျပ်သို့ တိုးမြင့်လိုက်ခြင်းကြောင့် စက်သုံးဆီ စျေးနှုန်းမှာ ဆက်လက်စောင့်ကြည့်ရမည့်အနေအထားတွင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လေးလကျော်ကြာ သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၁၈၅၀ အား တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံများမှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းမှ ထုတ်လုပ်နိုင်သည်။

နိုင်ငံရေးအပြောင်းအလဲမဖြစ်ပေါ်မီက ၉၂ တစ်လီတာ ကျပ် ၆၂၀ ဝန်းကျင်၊ ၉၅ တစ်လီတာလျှင် ကျပ် ၇၅၀ ဝန်းကျင်သာရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်အပြီး တစ်နှစ်နီးပါးခန့်အကြာတွင် စက်သုံးဆီ စျေးနှုန်းမှာ အဆပေါင်းများစွာ မြင့်တက်ခဲ့သည်။  Eleven