စက်သုံးဆီဈေးနှုန်းများဆက်လက်ကျဆင်း

ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ ဩဂုတ် ၆ ရက် ပေါက်ဈေးထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းတွေ အရင်နေ့ကထက် ကျသွားတာကိုတွေ့ခဲ့ရပါတယ်။ ဩဂုတ် ၆ ရက် ပေါက်ဈေးအရ ရန်ကုန်မှာ အောက်တိန်း (92)တစ်လီတာကို ၁၆၁၅ကျပ်၊ အောက်တိန်း95 တစ်လီတာကို ၁၆၆၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၁၉၇၀နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၀၂၅ ကျပ်ရှိနေပါတယ်။

ဒီဈေးနှုန်းတွေဟာ ဩဂုတ် ၅ ရက်ဈေးနှုန်းတွေနဲ့ယှဉ်ရင် အောက်တိန်း 92 တစ်လီတာကို ၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၇၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၆၀နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၆၅ ကျပ် ဈေးကျ သွားတာပါ။ နေပြည်တော်၊ မန္တလေးအပါအဝင် တခြားမြို့ကြီးတွေမှာလည်း စက်သုံးဆီဈေးအနည်းငယ်ကျသွား တာကို တွေ့ရပါတယ်။ စက်သုံးဆီဈေးက အခုရက်ပိုင်းမှာ တက်လိုက်ကျလိုက်ဖြစ်နေပြီး ဈေးနှုန်းတည်ငြိမ်မှု မရှိသေးတာကို တွေ့ရပါတယ်။