Toyota သည် ကမ္ဘာ့ကြွေးမြီအများဆုံး ကားကုမ္ပဏီဖြစ်လာ

Toyota Motor ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ  ကြွေးမြီအများဆုံး ကော်ပိုရေးရှင်းဖြစ်လာမယ်လို့ StockApps.com က ထုတ်ပြန်ထားပါတယ်။ Toyota ဟာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ကြွေးမြီ ကန်ဒေါ်လာ ၁၈၆ ဘီလီယံအထိ ရှိလာမယ်လို့လည်း ဖော်ပြထားပါတယ်။

မော်တော်ယာဥ် ကော်ပိုရေးရှင်းကြီးတွေဟာ ကြီးမားတဲ့ကြွေးမြီ ရှိနေ တယ်ဆိုဟာ ထူးခြားတဲ့ ကိစ္စမဟုတ်ဘူးလို့ StockApps က တာဝန်ရှိသူတစ်ယောက်ကဆိုထားပါတယ်။ လုပ်ငန်း လည်ပတ်ဖို့အတွက် ငွေချေးစာချုပ်တွေ ထုတ်ရောင်းပြီး လုပ်ငန်းလည်ပတ်ကြရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒီနေ့ခေတ် မော်တော်ယာဥ်ကဏ္ဍမှာ ယာဉ်ထုတ်လုပ်ရေး၊ ယာဉ်အစိတ်အပိုင်းနဲ့ အပိုပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း တွေဟာ လျှပ်စစ်ကားထုတ်လုပ်မှုကို ပြောင်းလဲလာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်လာတာကြောင့် ချေးငွေ တွေယူရတာဖြစ်တယ်လို့ဆိုပါတယ်။

Toyota Motor ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၂၂၄ ဘီလီယံရှိတယ်လို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပိုင်ဆိုင်မှုဟာ ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၈၆ ဘီလီယံ ထက်ပိုများတဲ့ အတွက် အသားတင်အမြတ်လည်းရရှိနေတယ်လို့ဆိုပါတယ်။မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းမှာ Toyota ကုမ္ပဏီဟာ ကြွေးမြီအများဆုံး Volkswagen ကိုကျော်တက်ပြီး ကြွေးမြီအများဆုံး ကုမ္ပဏီဖြစ်လာတာပါ။ ကမ္ဘာ့ကြွေးမြီအများဆုံး ကုမ္ပဏီ ၈ ခုစာရင်းမှာ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း ၃ ခု ပါဝင်ရာ နံပါတ်(၁)မှာ Toyota ရှိနေပြီး နံပါတ်(၂)က Volkswagen နဲ့ နံပါတ်(၆)က Mercedes-Benz တို့ ဖြစ်ပါတယ်။