ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်

(၃၀.၇.၂၀၂၂)ရက်နေ့နံနက်(၁၀း၀၀)အချိန်တွင်မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသောအသင်းဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့် အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့ပြီးနောက် အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာမောင်သင်း၊ ဦးဝင်းမောင်၊ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ၂၀၁၀/၂၀၁၂/၂၀၁၅/၂၀၁၈/၂၀၂၀ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသည့် ကိုယ်စားလှယ်များ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များ၊ တိုင်းဝါရင့်အသင်းဝင်များ၊ တိုင်းဝါရင့်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။