ရန်ကုန် အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ ခရိုင်နှင့် မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန် ဇူလိုင် ။ ။ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည်( ၁ )နာရီအချိန်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး(အရှေ့ပိုင်းခရိုင်)ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက်မှ အမှာစကား ပြောကြားခဲ့ပြီး ​ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်​ရောက်လာကြသည့်  မြို့နယ်များမှ တင်ပြစရာရှိသည့် အချက်အလက် ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းတိုင်းဒေသကြီး(အရှေ့ပိုင်းခရိုင်)ပါတီဥက္ကဋ္ဌ  ဦးညဏ်ဝင်းထိုက်၊ ကော်မတီဝင် ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ် (၁၄)မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ပြီး နေ့လည် (၂)နာရီ အချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။