တောင်ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမား ၁၄၂ ဦး ရောက်ရှိ

တောင်ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်မည့် မြန် မာအလုပ်သမား ၁၄၂ ဦးသည် ဇူလိုင် ၂၆ ရက် (ယနေ့)တွင် ရန်ကုန်လေဆိပ်မှတဆင့်အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။အဆိုပါ အလုပ်သမားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၂၃ ဦးနှင့်ကုန်ထုတ် လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၁၉ ဦး(စုစုပေါင်း ၁၄၂ ဦး)ဖြစ် ကြောင်း သိရသည်။

ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်သည့် အချက်များအားမှာကြားကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့သည်။