Facebook က အကောင့် ၁ ခုမှာ ပရိုဖိုင် ၅ ခုအထိ အသုံးပြုနိုင်တဲ့ နည်းလမ်းကို စမ်းသပ်နေ

Facebook က User တချို့အတွက် ပရိုဖိုင်များစွာ အသုံးပြုနိုင်တဲ့ နည်းလမ်းကို စမ်းသပ်နေတယ်လို့ ကြေညာလိုက်ပါတယ်။ User တချို့ဟာ သူတို့ရဲ့ မူလ အကောင့်မှာ နောက်ထပ် ပရိုဖိုင် ၄ ခုအထိ ဖန်တီးနိုင်ကြမှာပါ။ အိုင်ဒီယာက ပရိုဖိုင် အပိုတွေကို မတူညီတဲ့ ရည်ရွယ်ချက်တွေအတွက် သုံးနိုင်မှာပါ။ ဥပမာအနေနဲ့ ပရိုဖိုင် ၁ ခုကို သူငယ်ချင်းတွေအတွက်၊ နောက် ၁ ခုကို လုပ်ဖော်ကိုင်ဖက်တွေအတွက်၊ နောက် ပရိုဖိုင်တွေကို စိတ်ဝင်စားတဲ့ ဂရုတွေနဲ့ နာမည်ကျော်ကြား လူသိများသူတွေအတွက် သုံးနိုင်မှာပါ။ User တွေဟာ အကောင့် ၁ ခုထဲကိုပဲ သုံးရမှာ ဖြစ်ပြီး ခလုတ် အနည်းငယ်နှိပ်ရုံနဲ့ ပရိုဖိုင်တွေ ပြောင်းလဲ သုံးနိုင်မှာပါ။

ပရိုဖိုင်တွေဟာ Facebook ရဲ့ မူဝါဒတွေကို လိုက်နာရမှာ ဖြစ်ပြီး ပရိုဖိုင် ၁ ခုက မူဝါဒကို ချိုးဖောက်ရင် အကောင့် ၁ ခုလုံးကို ထိခိုက်မယ်လို့ ပြောရေးဆိုခွင့်ရှိသူ Leonard Lam က ပြောပါတယ်။ သူက “ လူတွေ သူတို့ စိတ်ဝင်စားမှုတွေ၊ ရင်းနှီးပတ်သက်မှုတွေကို အခြေခံကာ အသုံးပြုလို့ကောင်းအောင် Facebook အကောင့် ၁ ခုမှာ ပရိုဖိုင် ၁ ခုထက်ပို သုံးနိုင်တဲ့ နည်းလမ်းကို စမ်းသပ်နေပါတယ်။ Facebook သုံးသူတွေက စည်းကမ်းတွေကို ဆက်လက်လိုက်နာရမှာပါ။ “ လို့ ပြောပါတယ်။

Lam က Facebook ရဲ့ မူဝါဒတွေကို မချိုးဖောက်သရွေ့ User တွေဟာ ပရိုဖိုင်တွေမှာ Display Name အတွက် တကယ့် နာမည် အစစ်တွေကို အသုံးပြုစရာ မလိုဘူးလို့ ပြောပါတယ်။

Ref : theverge