108MP ကင်မရာနဲ့ 120Hz OLED မျက်နှာပြင်ပါတဲ့ Xiaomi 12 Lite ကို ကြေညာပြီ

Xiaomi က အရင်နှစ်ထုတ် Mi 11 Lite NE 5G ရဲ့ မျိုးဆက်သစ် 12 Lite ကို နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါတယ်။ Xiaomi 12 Lite မှာ ၆.၅၅ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး HDR10+ , Dolby Vision Support ပါလာပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 108MP Main , 8MP Ultrawide Angle , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ထည့်သွင်းထားပါတယ်။ Snapdragon 778G Chipset မောင်းနှင်ထားပြီး 8GB RAM , 256GB Storage ပါပါတယ်။ 67W Fast Charging ပါတဲ့ 4,300mAh ဘက်ထရီ တပ်ဆင်ထားပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ 5G, USB-C Port , 3.5mm Jack , WiFi , Bluetooth နဲ့ GPS တွေ ပါပါတယ်။ Xiaomi 12 Lite 6/128GB ကို ၄၀၀ ဒေါ်လာ ၊ 8/128GB ကို ၄၅၀ ဒေါ်လာနဲ့ 8/256GB ကို ၅၀၀ ဒေါ်လာ သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၇၃၀,၀၀၀ ဝန်းကျင် တန်ကြေးရှိပါတယ်။ Black , Pink နဲ့ Green ၃ ရောင် ထုတ်လုပ်ထားပြီး Xiaomi ရဲ့ အွန်လိုင်း စတိုးတွေကနေ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gizmochina