တရုတ်နိုင်ငံသား တစ်ဘီလီယံကျော်၏ အချက်အလက်များ ဆိုက်ဘာတိုက်ခိုက် ခိုးယူခံရ
တရုတ်နိုင်ငံသား တစ်ဘီလီယံကျော်ရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ဦးက ဆိုက်ဘာတိုက်ခိုက်ခိုးယူသွားပြီး ဒီအချက်အလက်တွေကို ရောင်းချဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီဟက်ကာဟာ တရုတ်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ရှန်ဟိုင်းအမျိုးသား ရဲတပ်ဖွဲ့ထံကနေ ခိုးယူခဲ့တာ ဖြစ်ကြောင်း အချက်အလက်တွေကို ရောင်းချဖို့အတွက် ကမ်းလှမ်းခဲ့တဲ့ဖိုရမ်တစ်ခုမှာ ထုတ်ဖော်ပြောဆို ထားပါတယ်။
ရောင်းချဖို့အတွက် သူဟာ အချက်အလက်အနည်းငယ်ကို နမူနာထုတ်ဖော်ပြသခဲ့ပြီး ဒါတွေဟာ အစစ်အမှန်တွေ ဖြစ်ကြောင်း ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ သူခိုးယူခဲ့တဲ့ အချက်အလက်တွေမှာတော့ နာမည်တွေ၊ လိပ်စာတွေ၊ မှတ်ပုံတင်နံပါတ်တွေနဲ့ ဖုန်းနံပါတ်တွေ ပါဝင်နေပါတယ်။
ခိုးယူခဲ့တဲ့ အချက်အလက်ပမာဏဟာ ၂၃ တယ်ရာဘိုက်ရှိပြီး ဟက်ကာတွေခိုးယူ ရောင်းချဖို့ကမ်းလှမ်းတဲ့ ဒေတာတွေထဲမှာ ပမာဏအများဆုံးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟက်ကာက သူ့ရဲ့ပို့စ်ကို မဖျက်ခင်အချိန်ထိ အဲဒီအချက်အလက်တွေအတွက် ဒေါ်လာနှစ်သိန်းပေးမယ်လို့ ကမ်းလှမ်းသူရှိနေပါတယ်။