မြောက်ကိုရီးယား လက်နက်စမ်းသပ်မှု တောင်ကိုရီးယားထောက်လှမ်း

အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံကို အဆင့်မြင့်ဂျက်တိုက်လေယာဉ်တွေ ပေးပို့လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့မှာ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်ခဲ့ပုံ ရတယ်လို့ တောင်ကိုရီးယားကပြောပါတယ်။ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်က တောင်ကိုရီးယားကို ဂျက်တိုက်လေယာဉ်တွေ ပေးပို့ခဲ့တာပါ။ မြောက်ကိုရီးယားဖက်က ပစ်လွှတ်ခဲ့တယ်လို့ ယူဆရတဲ့ လက်နက်သွားရာလမ်းကြောင်းအတော်များများ တနင်္ဂနွေနေ့ခင်းပိုင်းမှာ ထောက်လှမ်းမိခဲ့တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးများအဖွဲ့ချုပ်အကြီးအကဲရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတဲ့ တောင်ကိုရီးယားစစ်ဖက်ကလည်း အမြဲအသင့်ပြင်ဆင် ထားပါတယ်လို့လည်း ပြောထားပါတယ်။ နိုင်ငံအနောက်ကမ်းရိုးတန်းရဲ့ မြောက်ဖက်ပိုင်းကနေ လက်နက်ကြီးတွေ ပစ်လွှတ်ခဲ့ပုံရတယ်လို့ တောင်ကိုရီးယား သမ္မတအိမ်တော်ရုံးက ပြောပါတယ်။ နိုင်ငံတော်လုံခြုံရေးရာဌာန ညွှန်ကြားရေးမှူး Kim Sung-han ကလည်း တောင်ကိုရီးယားစစ်ဖက်ရဲ့ အသင့် အနေအထား ပြင်ဆင်ဆောင်ရွက်မှုတွေကို လေ့လာဆန်းစစ်ခဲ့သလို မြောက်ကိုရီးယားဖက်က လက်နက်တွေထပ် ပြီး ပစ်လွှတ်နိုင်ခြေရှိနေတဲ့အပေါ် အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယားက ဒီနှစ်ထဲမှာတင် လက်နက်အတော်များများ ထူးထူူးခြားခြားပစ်လွှတ်ခဲ့တာပါ။ အဲဒီထဲမှာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ မစ်ဇိုင်းဒုံးတွေအပြင် အမေရိကန်နိုင်ငံကိုရော မဟာမိတ် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံထိရောက်အောင် ပစ်လွှတ်နိုင်တဲ့ တာဝေးပစ် ဒုံးလက်နက်တွေလည်းပါဝင်ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ နောင်ဆွေးနွေးဖြစ်တဲ့အခါ သူ့အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဖြေလေ ျှာ့ပေးရေးနဲ့ လုံခြုံရေး အာမခံချက်အတွက် အပေးအယူလုပ်နိုင်အောင် ့မြောက်ကိုရီးယားကလက်နက်နည်းပညာတွေအဆင့်မြှင့်ဖို့ ကျိုးပမ်းနေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်နေကြပါတယ်။