ပြည်ပသို့မြေပဲနှင့်နှမ်း ပြန်လည်တင်ပို့ခွင့်ပြု

လယ်ယာထွက်ကုန်ပစ္စည်းများထဲမှ မြေပဲနှင့်နှမ်းတင်ပို့မှုကို ဇူလိုင် ၅ ရက်မှစတင်ကာ ပြန်လည်တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဆီထွက်သီးနှံနှင့်စားသုံးဆီများ ပြည်ပသို့ပြန်လည်တင်ပို့ခွင့်ပြုသွားမည်ဖြစ်ပြီး ပို့ကုန်ဈေးနှုန်း သတ်မှတ်သည့် နှုန်းထားများကို ပင်လယ်ရေကြောင်းကုန်သွယ်မှုသတ်မှတ်သည့် နှုန်းထားနှင့် တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရေကြောင်းမှတစ်ဆင့် ဆီထွက်သီးနှံတင်ပို့ရာတွင် အမေရိကန်ဒေါ်လာဖြင့်ရောင်းချရပြီး တရုတ်နှင့်ထိုင်းနယ်စပ်တွင် ဘတ်နှင့်ယွမ်များဖြင့်သာ ငွေပေးချေရကြောင်းသိရသည်။

ဇူလိုင် ၁ ရက်မှစတင်၍ လယ်ယာထွက်ကုန်ပစ္စည်းများအား နယ်စပ်မှတင်ပို့ရောင်းချမှု လိုင်စင်ကြေးလည်း တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။