240W Ultra-fast Charging ပါတဲ့ ဖုန်းတွေ မကြာခင် ထွက်လာတော့မည်

အင်တာနက် သတင်းအရင်းအမြစ်တွေက 240W Ultra-fast Charging ပါတဲ့ ဖုန်းတွေ မကြာခင် ထွက်လာတော့မယ်လို့ ပြောနေကြပါတယ်။ ဒီနည်းပညာကို တရုတ် ကုမ္ပဏီ တချို့က ဖန်တီးနေကြပြီး ကုမ္ပဏီ အမည်ကို မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီ ကုမ္ပဏီဟာ ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ တစ်ခု ဖြစ်တဲ့ OPPO လို့ သိရပါတယ်။

OPPO က ဒီနှစ် အစောပိုင်းက MWC 2022 မှာ 240W SuperVooc Charging အကြောင်းပြောခဲ့ပြီး 4,500mAh ဘက်ထရီကို ၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

OPPO ဟာ ၂၀၁၄ ခုနှစ်မှာ SuperVooc ကို မိတ်ဆက်ခဲ့ပြီး အားအမြန်သွင်းတဲ့ နည်းပညာမှာ ရှေ့ဆုံးကနေ ဦးဆောင်တဲ့ ကုမ္ပဏီ ၁ ခု ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ OPPO ရဲ့ အားအမြန်သွင်း နည်းပညာကို သုံးနေတဲ့ User ပေါင်း သန်း ၂၂၀ ကျော် ရှိခဲ့ပါတယ်။ OPPO ဟာ 240-watt System အတွက် Charger တွေကို စမ်းသပ်ထုတ်လုပ်ပြီးပြီလို့ သိရပါတယ်။

Vivo ကလည်း 200W Ultra-fast Charging ပါတဲ့ iQOO 10 Pro ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး 4,500mAh ဘက်ထရီကို ၁၂ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ ဖုန်း ကုမ္ပဏီတွေရဲ့ အားအမြန်သွင်း နည်းပညာကတော့ အပြိုင်အဆိုင်နဲ့ ကြည့်လို့ ကောင်းနေပါပြီ။

Ref : gizchina