လီဗာပူးတိုက်စစ်မှူး ဆာလာ ပရီးမီးယားလိဂ် လုပ်ခအများဆုံးကစားသမားဖြစ်လာ

လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ အသင်းနဲ့ ၃ နှစ်စာချုပ်သက်တမ်းတိုးပြီးနောက်မှာ ပရီးမီးယား လိဂ်ရဲ့လုပ်ခ အများဆုံးကစားသမားဖြစ်လာပါတယ်။ ဆာလာဟာ အသင်းနဲ့  ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီး တစ်ပတ်လုပ်ခပေါင် ၄ သိန်းအထိတိုးမြှင့်ရရှိတော့မှာပါ။ အဆိုပါပမာဏဟာ တစ်ပတ်လုပ်ခ ပေါင် ၃၈၅၀၀၀ ရရှိနေတဲ့ စီရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ဆာလာက လုပ်ခအများဆုံးကစား သမားဖြစ်လာခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ဆာလာနဲ့ စီရော်နယ်ဒိုတို့ပြီးရင် ကီဗင်ဒီဘရိုင်း၊ ဟာလန်းနဲ့ ဒီဂီယာတို့က လုပ်ခအများဆုံး ကစားသမားတွေအဖြစ် အစဉ်လိုက်ရပ်တည် နေပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့  တစ်ပတ်လုပ်ခပေါင် ၁ သန်း အထိရရှိနေတဲ့  ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက လုပ်ခအများဆုံးဖြစ်ပါတယ်။

ဒုတိယနေရာမှာ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက တစ်ပတ်လုပ်ခပေါင် ၉၆၀,၀၀၀ နဲ့ ရပ်တည်နေပြီး နောက်ထပ်ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကပေါင် ၆၀၆,၀၀၀ တတိယနေရာမှာရပ်တည်နေပါတယ်။

လုပ်ခအများဆုံး ထိပ်ဆုံး ၁ဝ ဦးစာရင်းထဲမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲကျော် ရရှိနေကြတဲ့ ဂရစ်မန်းနဲ့ လီဝန်ဒေါစကီးတို့လည်း ပါဝင်ခဲ့ပါတယ်။