အာဆီယံယူ-၁၉ အမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိ

အာဆီယံအမျိုးသားချန်ပီယံရှစ်ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံမှအိမ်ရှင်အဖြစ် ဂျကာတာမြို့၌ ဇူလိုင် ၂ ရက်မှ ၁၅ ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်းသည် ဇွန် ၂၉ ရက်ညပိုင်းက ရန်ကုန်လေဆိပ်မှတဆင့် ပြိုင် ပွဲကျင်းပမည့် ဂျကာတာမြို့သို့ ထွက်ခွာရောက်ရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်း၌ ဟိန်းထက်စိုး၊ ထက်အာကာဝင်း၊ စိုင်းစွမ်တွန်းခေး၊ လင်းလင်းထွန်း၊ လန်းဆန်းအောင်၊ ထွန်းထွန်းသိန်း၊ မျိုးမင်းဟိန်း၊ ကျော်ဝဏ္ဏ၊ ခန့်ဇင်ဟိန်း၊ ခွန်အောင်စိုး၊ ဟိန်းဇော်နိုင်၊ ချစ်အေး၊ သာယာဝင်းထက်၊ လမင်းထွေး၊ မိုးဆွေ၊ရဲကောင်းဆက်၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင်၊အာကာကျော်၊ သူရအောင်၊ ဖြိုးသန့်ကိုကို ၊စိုးမြတ်မင်း၊ရဲရင့်ဖြိုး၊စွမ်းထက်၊ထက်မြတ်လွင်နှင့်သိန်းဇော်သီဟ စသည့်လက်ရွေးစင်ကစားသ မား ၂၆ ဦးပါဝင်ကြောင်း သိရသည်။

အလားတူ အသင်းအုပ်ချုပ်သူအပါအဝင် နည်းပြဦးစိုးမြတ်မင်းဦးဆောင်သည့် နည်းပြအဖွဲ့ဝင် ၈ ဦး လည်း လိုက်ပါသွားခဲ့ပြီး မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်းသည် အုပ်စု(က)၌ ဘရူနိုင်း၊ထိုင်း၊ဖိလစ်ပိုင်၊ ဗီယက်နမ်၊အင်ဒိုနီးရှားနိုင်ငံတို့နှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်ယူ-၁၉ ဘောလုံးအသင်းသည် ဇူလိုင် ၂ ရက်နေ့တွင် ဘရူနိုင်း၊ ၄ ရက်နေ့တွင် ထိုင်း၊ ၆ ရက်နေ့တွင် ဖိလစ်ပိုင်၊ ၈ ရက်နေ့တွင် ဗီယက်နမ်၊ ၁၀ ရက်နေ့တွင် အင်ဒိုနီးရှားအသင်းတို့ နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် ကြောင်း သိရသည်။