လူ့ရဲ့ ဆီးနဲ့ မောင်းနှင်နိုင်တဲ့ ကားတွေ ထွက်ပေါ်လာတော့မည်

အနာဂတ်မှာ လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတော့မှာ သေချာပါတယ်။ ဒါပေမယ့် ကားတွေကို မောင်းနှင်ပေးနိုင်တဲ့ နောက်ထပ် ဓါတုဗေဒ ပစ္စည်း တစ်ခု ရှိပြီး အဲဒါဟာ လူတွေရဲ့ ဆီးမှာ များစွာ ပါရှိနေပါတယ်။

Ammonia ဟာ Hydrogen နဲ့ Nitrogen (NH3) ကို ပေါင်းစပ်ထားတာ ဖြစ်ပြီး ဓါတုဗေဒ ကွန်ပေါင်း တစ်ခု ဖြစ်ပါတယ်။ သူ့ကို လောင်ကျွမ်းတဲ့အခါမှာ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပြီး စွမ်းအင် သိပ်သည်းဆက အရမ်း မြင့်မားပါတယ်။ လူ့ရဲ့ ဆီးကနေ Ammonia ကို အသွင်ပြောင်းနိုင်ပြီး အဲဒီကနေ စွမ်းအင် ထုတ်လုပ်ပေးနိုင်ပါတယ်။

အဲဒီ စွမ်းအင်ဟာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မပျက်ဆီးစေပါဘူး။ NH3 မှာ ကာဘွန် မပါတဲ့အတွက် လောင်ကျွမ်းတဲ့ အခါ Ammonia ဟာ ကာဘွန်ဒိုင