ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးပြန်လည်လွတ်မြောက်လာသူ ၉၆ ဦး အပါအဝင် ၁၈၃ ဦး အား လက်ခံကြိုဆို
ရှမ်းပြည်(အရှေ့ပိုင်း)၊တာချီလိတ်မြို့ရှိ ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ်(၂) တွင် ဇွန် ၂၈ ရက် နံနက် ၉ နာရီမှစတင်၍ ထိုင်းနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက ကြိုဆို လက်ခံခဲ့ကြသည်။ ထိုသို့ ကြိုဆိုလက်ခံရာတွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ ပြီးနောက် ပြန်လည် လွတ်မြောက်လာသည့် အမျိုး သား ၇၆ ဦး၊အမျိုးသမီး ၂၀ ဦး၊ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၅၁ ဦး (စုစုပေါင်း ၁၈၃ ဦး)တို့အား ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင် လဝက ဦးစီးမှူးနှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။ ထို့ပြင် တာချီလိတ်မြို့၏ ကျန်းမာရေးဝန်ထမ်းများမှ ပြန်လည် ဝင်ရောက်လာသူများအား ကိုဗစ်(၁၉)ရောဂါနှင့် ဗီဇပြောင်းအိုမီခရွန်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြသည်။ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ဝမ်လုံး Quarantine Center ၌ ၅ ရက် ထားရှိမည်ဖြစ်ကာ ဆေးစစ်မှု တစ်ကြိမ်ထပ်မံပြုလုပ်ပြီးပါက ရောဂါပိုးကင်းရှင်းလျင် နေရပ်များသို့ ပြန်လည် ပို့ဆောင် ပေးသွားမည် ဖြစ်သည်။