နယ်စပ်တောလမ်းများကိုဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၆၇ ဦးနှင့် ကလေးငယ်သုံးဦး ဖမ်းဆီးခံရ

နယ်စပ်တောလမ်းများကို ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၇ ဦးနှင့် ကလေးငယ်သုံးဦး ဖမ်းဆီးခံရ ကြောင်း ထိုင်းနိုင်ငံမီဒီယာများတွင် ဖော်ပြထား ချက်အရ သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကန်ချနာဘူရီနှင့် ပရာကျွတ်ခီရီခံခရိုင်အတွင်းသို့  မြန်မာနိုင်ငံသားများမှာ နယ်စပ်တောလမ်းများကို အသုံးပြုပြီး တရားမဝင် ဝင်လာရောက်သည့်အတွက် ဇွန် ၂၅ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ အဆိုပါခရိုင်နှစ်ခုအတွင်းသို့ မြန်မာနိုင်ငံသား ၆၇ ဦးနှင့် မိဘများနှင့်အတူလိုက်ပါ လာသည့် ကလေးငယ်သုံးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများကို ပုန်းအောင်းနေရန် စီစဉ်ပေးသူ တစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်နှစ်ခုဖြစ်သော ပရာကျွတ်ခီရီခံခရိုင်နှင့် ကန်ချနာဘူရီခရိုင် များမှာ လူပွဲစားများ အဓိကအသုံးပြုလာနေသည့်ခရိုင်နှစ်ခုဖြစ်ပြီး ဖမ်းဆီးခံရမှုအမြဲဖြစ် ပေါ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံသား များအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ် တောလမ်းများ၊ ရေလမ်းခရီးများဖြင့် ဝင်ရောက်နေပြီး အဆိုပါ ခရိုင်နှစ်ခုမှာ အများဆုံးဖြတ် သန်းဝင်ရောက်ရာ နေရာတစ်ခုဖြစ်နေကြောင်း ထိုင်းမီဒီယာများတွင်လည်း သတင်းဖော်ပြခဲ့ကြောင်း သိရသည်။

“ထားဝယ်ဘက်မှာဆိုရင် ထီးခီး၊ မြိတ်ဘက်မှာဆိုရင် မောတောင်နဲ့ ကပ်လျက်ရှိနေ တော့ အဲဒီလမ်းတွေကို အသုံးများတယ်။အဲဒီ ကနေဝင်လာရင် ဘန်ကောက်နဲ့လည်း နီးသလို မြန်မာတွေအများဆုံးရှိတဲ့ မဟာချိုင်ကိုလည်း သွားလို့လွယ်သွားတယ်။ ထိုင်းနိုင်ငံမှာ ဘတ် ကတ်ရသွားရင် အလုပ်လုပ်ဖို့ လွယ်သွားတဲ့အ တွက် တရားမဝင်သွားကြတာ ပိုလုပ်နေတယ်။တရားဝင်က အချိန်ကြန့်ကြာမှုရှိပြီး တခြားအ ကြောင်းအရာတွေလည်း ရှိနေတော့ လူတွေက တောလမ်းကိုဖြတ်ပြီး လာနေကြတာဖြစ်တယ်}} ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား တစ်ဦးက ပြောကြားသည်။

ယခုဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသား ၆၇ ဦးနှင့် ကလေးငယ်သုံးဦးမှာ ကချင်နှင့် မွန် ပြည်နယ်၊ ပဲခူး၊တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေ သကြီးတို့မှဖြစ်ပြီး အလုပ်အကိုင်ရရန်အတွက် ပွဲစားများကိုထိုင်းဘတ်၂ဝဝဝဝမှ ၂၅၀၀၀ အ ထိ ပေးချေထားရကြောင်း၊ တချို့မှာ သွားချင် သည့်ဒေသရောက်မှ ငွေပေးချေမည်ဟုသ ဘောတူထားကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။  source:Eleven