ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇၀ ဦး ရှိပြီဖြစ်ဟု နစက ထုတ်ပြန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်ဦးရေမှာ ဇွန် ၂၂ ရက်အထိ ၇၀ ဦးရှိပြီဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇၀ ဦး မှာ ရန်ကုန်တိုင်းမှ ၅ ဦး၊မန္တလေးတိုင်းမှ ၂၄ ဦး၊ မကွေးတိုင်းမှ ၁၃ ဦး၊ စစ်ကိုင်းတိုင်းမှ ၁၁ ဦး၊ ဧရာဝတီတိုင်းမှ ၁၁ ဦးနှင့်ပဲ ခူးတိုင်းမှ ၆ ဦးတို့ဖြစ်ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား နစက ၏ တာဝန်ရှိသူများမှထောက် ပံ့ပစ္စည်းများ ပေးအပ်၍ မိဘများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက် ခံသွားမည်ဟု နစက မှထုတ်ပြန်ကြေညာထားသည်။ source: Eleven