ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ဧည့်အဝင် ၄၅သန်းရှိမည်
ဘန်ကောက် ၊ဇွန်၂၃
ထိုင်းလေဆိပ်အာဏာပိုင် (AOT) မှ ၂၀၂၂ခုနှစ်တွင် လေကြောင်းခရီးသည် ၄၅သန်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဟု ကြာသပတေးနေ့တွင် ခန့်မှန်းထားသည်။
ယခုနှစ်ကုန်တွင် လေကြောင်းခရီးစဉ်ပေါင်း လေးသိန်း (ကိုဗစ်မတိုင်မီ၏ ၃၃ မှ ၄၅ ရာခိုင်နှုန်းအထိ) ရှိလာမည်ဟု AOT မှ ပြောကြားခဲ့သည်။
၂၀၂၃ တွင် ခရီးစဥ်ပေါင်း ၆၆၅၀၀၀ မှ ခရီးသည် ၉၆ မီလျံ သို့ တိုးလာရန် မျှော်မှန်းထားပြီး ၂၀၂၄ တွင် လေယာဥ်ခရီးစဥ်ပေါင်း ၈၉၂၀၀၀ မှ ခရီးသည် ၁၄၂ မီလျံ သို့ရောက်ရှိမည်ဟုAOT ကခန့်မှန်းထားသည်။ ၂၀၂၄ တွင်ကိုဗစ် ကာလမတိုင်မီ၏ ၉၉% ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်ဟုAOT က ဆိုသည်။
Source: Khosod